International News

စင်ကာပူတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် အထောက်အကူပြုမည့် အစီအမံတစ်ခုကို စတင်မည်

Last Updated:

စင်ကာပူတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် အထောက်အကူပြုမည့် အစီအမံတစ်ခုကို စတင်မည်

         ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းဆောင်ရွက်သွားနိုင်ရေးအတွက် အထောက်အကူပြုမည့် “Digital and Advanced Manufacturing Programme” ကို စင်ကာပူ နိုင်ငံရှိ စက်မှုသိပ္ပံကျောင်းတွင် ၂၀၂၀ ခုနှစ်မှစ၍  အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း  သိရှိရပါသည်။

  အဆိုပါသင်တန်းအစီအစဉ်အား ၂၀၂၀ ခုနှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းကို စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီနီယာဝန်ကြီးဖြစ်သူ Dr Koh က ၁၈-၁၂-၂၀၁၉ ရက်နေ့တွင် ကြေညာပေးခဲ့ပြီး၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စင်ကာပူ၏ အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် လုပ်ငန်းများနှင့် အလုပ်သမားများ သည်  ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာများကို လက်တွေ့အသုံးချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်ထုတ် လုပ်မှုကဏ္ဍသည် စင်ကာပူ၏ စီးပွားရေးအပေါ် ၂၀ ရာခိုင်းနှုန်းကျော်အထိ ပံ့ပိုးပေးနေကြောင်း၊ လုပ်သားအင်အား စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းကိုလည်း အလုပ်အကိုင်ဖန်တီးပေးထားကြောင်း၊ ဤအစီအမံမှ တစ်ဆင့် ကုမ္ပဏီများက စက်မှုသိပ္ပံကျောင်း၏ လက်တွေ့စမ်းသပ်ခန်းများ (Labs) ကို အသုံးပြုလျက် ၎င်းတို့၏ ကုန်ထုတ်လုပ်မှု တိုးတက် မြင့်မားလာစေရန် လိုအပ်သောနည်းပညာများကို စူးစမ်းလေ့လာနိုင်သည့်အပြင် အလုပ်သမားများကလည်း ဒီဂျစ်တယ် ခေတ်တွင် လိုအပ်သောနည်းပညာများကို လိုက်ပါအသုံးပြုနိုင်သော စွမ်းရည်များရရှိလာရန် လေ့လာနိုင်မည်ဖြစ် ကြောင်းပြောကြားပါသည်။

       ဤသင်တန်းအစီအစဉ်တွင် အလုပ်သမားများသည် စက်ရုပ်တီထွင် အသုံးချမှုပညာ၊ အင်တာနက်အသုံးချမှု၊ Cloud Computing နှင့် ဆိုက်ဘာလုံခြံရေးပိုင်များနှင့် သက်ဆိုင်သော သင်တန်းများကို တက်ရောက်လေ့လာ နိုင်မည်ဖြစ်ပြီး၊ သင်တန်းတက်ရောက်ခြင်းမှ အသိအမှတ်ပြု လက်မှတ်ရရှိမည်ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်အတွင်း ကုမ္ပဏီ ပေါင်း ၇၀ ခန့်အထိအား သင်တန်းပြုလုပ်ပေးနိုင်ရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

သတင်းအရင်းအမြစ်။     ။ The Straits Time
(စင်ကာပူနိုင်ငံ မြန်မာစီးပွားရေးသံမှူး)

 

Category: International News